(Go: >> BACK << -|- >> HOME <<)

အလုံမှာ လူငယ် အမျိုးသားတယောက် ခြောက်လွှာတိုက်ပေါ်က ခုန်ချ သေဆုံးမှုဖြစ်ပွား

  ဇွန် ၁၁ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ ဒီကနေ့ ဇွန် ၁၁ ရက်၊ မနက်ပိုင်းက လူငယ် အမျိုးသားတယောက် ခြောက်လွှာတိုက်ပေါ်ကနေ ခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သံဝေဂ လူမှုကူညီရေးအသင်းမှ သိရပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ ငုဝါလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပေါ်က ခုန်ချ သေဆုံးခဲ့သူဟာ အသက် ၂၃ နှစ်အရွယ် လူငယ်အမျိုးသားတယောက် ဖြစ်တယ်လို့ သိရပါတယ်။ “အခင်းဖြစ်နေရာကို ကျွန်တော်တို့ ရောက်သွားတော့ ခုန်ချတဲ့လူက အသက်မရှိတော့ဘူး။ နေရာမှာတင် သေနေပြီ။ ဘာ့ကြောင့် ခုန်ချလဲတော့ မသိရဘူးပေါ့။ သူ့အိမ်ကတော့ မနက် ၉ နာရီ၊ မိနစ် ၄၀ မှာ ကျတယ် ပြောတာပဲ” လို့ သံဝေဂ လူမှုကူညီရေးအသင်းမှ…

Read More

မိုးကုတ်မြို့မှာ မိသားစုလိုက် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

မေ ၂၇ – ၂၀၂၄GG (VOM)မန္တလေးတိုင်း၊မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ နေအိမ်တအိမ်မှာ မနေ့က မေ၂၆ ရက်နေ့က လေး လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။အသတ်ခံရသူတွေက ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးကံချွန် ၄၈ နှစ်၊ ဒေါ်အေးရွှေအသက် ၄၅ နှစ်နဲ့သူတို့ရဲ့သားဖြစ်သူ မောင်အောင်သက်ကို အသက်၂၀ နှစ်နဲ့ မောင်အောင်ခန့်ဇော် အသက် ၁၂ နှစ်တို့ ဖြစ်တယ်လို့သိရပါတယ်။” မနက်၂နာရီလောက်ကြီး မှာအသတ်ခံရတာ ၊ အဲဒီအိမ်က အန်တီမအေးရွှေကကယ်ကြပါဦးလို့တော့အော်တယ်ပြောကြတယ် ။ ဒါပေမယ့်ညကြီး မိုးတွေကလည်းရွာနေတာဆိုဝောာ့ ရပ်ကွက်ကလည်း အပြင်ကို ထွက်မကြည့်ကြဘူးပေါ့။ ဓားနဲ့မွှန်းပြီးသတ်သွားတာ၊ ဦးကံချွန်ကတော့လူရုပ်တောင်မကျန်တော့ဘူးလည်ပင်းဆိုလဲ နည်းနည်းလေး ပဲကျန်တော့တယ်၊ အရင်ဆုံးသူ့သားကြီးကအရင်သတ်ခံရတာထင်တယ်၊သူသားကြီးကိုလဲခုတ်ထားတာလူရုပ်တောင်မပေါ်တော့ဘူး၊လူပဲသတ်သွားပြီးဖုန်းတွေပဲယူသွားတာ၊ရွှေငွေတခုမှမယူသွားဘူး၊ကြည့်ရတာအ​ငြိုးနဲ့လုပ်တာထင်တယ်‌ဆိုပြီး ပြောကြတယ် ” လို့ ဒေသခံတ​ယောက်ကပြောပါတယ်။အသတ်ခံခဲ့ရတဲ့ ဦးကံချွန်တို့မိသားစုလေးယောက်ကိုတော့ မနက်ဖန်မှာ သဂြိုလ်မှာ ဖြစ်ပြီး လူသတ်မှုကျူးလွန်ခဲ့တဲ့တရားခံကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။အဆိုပါ လေးလောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းက ဦးကံချွန်ရဲ့ အလုပ်သမားတွေအပါအဝင် ဆက်စပ်သူတွေကို…

Read More

မလှိုင်မြို့နယ်မှာ ဒီမနက်ပိုင်းက ကျောင်းထိုင်ဘုန်းကြီးတပါးနဲ့ ပြည်ခိုင်ဖြိုး ပါတီဝင် တဦး ပစ်သတ်ခံရ

မေ ၊ ၂၇ ၊ ၂၀၂၄SP (VOM)မန္တလေးတိုင်း တောင်ပိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ် ၊ ကျွဲခြံကျေးရွာအုပ်စု ၊ ထနောင်းကိုင်းကျေးရွာမှာ ဒီမနက်ပိုင်း ၇ နာရီဝန်းကျင်က ကျောင်းထိုင်ဘုန်းကြီးတပါးနဲ့ ပြည်ခိုင်ဖြိုးပါတီဝင် တဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။နယ်ခံ ပရဟိတသမား တယောက်က” ဒီမနက်ပိုင်းက သတင်းကြားရတာက ထနောင်းကိုင်းကျေးရွာက ပြည်ခိုင်ဖြိုး ပါတီဝင် တယောက်ဖြစ်သူ ကိုမြင့်ဝင်းဟာ နေအိမ်ရှေ့မှာ တံမြက်စီးထွက်လှည်းနေတုန်း အမည်မသိ(စုံစမ်းနေဆဲ) လူသုံးယောက်က သေနတ်နဲ့ လာပစ်သွားတယ် ၊ အဲ့ဒါကြောင့် ကိုမြင့်ဝင်းဆိုသူရဲ့ သေနတ်ထိမှန်ပြီး နေရာမှာပဲ သေဆုံးသွားတယ် ၊ အဲ့ဒီနောက် သေနတ်သမားတွေဟာ ထနောင်ကိုင်း အလယ် ဘုန်းကြီးကျောင်းကိုသွားပြီး ကျောင်းထိုင်ရာတော် ဘုန်းကြီးကို ဆက်လက်ပစ်သတ်သွားတယ်” လို့ ပြောပါတယ်။အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မိတ္ထီလာခရိုင် လုံခြုံရေးအဖွဲ့နဲ့…

Read More

အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်သူတွေ ပုံစံအမျိုးမျိုးနဲ့ မြန်မာနိုင်ငံသားတွေကို ဦးတည်လိမ်လည်လာ

မေ ၂၆၊ ၂၀၂၄ Shy V (VOM) အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်သူတွေ ပုံစံအမျိုးမျိုးနဲ့ မြန်မာနိုင်ငံသားတွေကို ဦးတည်လိမ်လည်လာလို့ အွန်လိုင်းကနေ မကြာခဏ လိမ်လည်ခံလာရကြောင်း လိမ်လည်ခံရသူတွေဆီက သိရပါတယ်။ ဆိုင်ကယ်‌‌ေတွ၊ ဖုန်းဒေတာ Package တွေ၊ အထည်တွေ၊ ဆီပန့်စက် (Second) တွေ စသဖြင့် မရှိတဲ့ လိပ်စာတွေနဲ့ အွန်လိုင်းကနေရောင်းဝယ်ကာ ‌ ငွေလိမ်လည်နေတဲ့ အပြင် အွန်လိုင်းကနေ အလုပ်တွေခေါ်ပြီး လိမ်လည်နေတာတွေလည်း ရှိကြောင်း လိမ်လည်ခံရတဲ့ သူတွေက ပြောပြပါတယ်။ “ကျွဲဆည်ကန် ကားဝင်းမှာလည်း ဒီကားဂိတ် လုံးဝ မရှိဘူးတဲ့။ မနေ့က ကျွဲဆည်ကန်ကားကွင်း ရောက်ပြီးပြီ။ မရှိဘူး။ အခုထိလည်း ဘယ်ဖုန်း ဘယ်ဖုန်းကမှ ဆက်လို့ မရဘူး။ သူ့ဖုန်းရော ဘောက်ချာမှာပါတဲ့ ဖုန်းတွေရော ဆက်လို့မရဘူး ဖေ့စ်ဘုတ် အကောင့်နဲ့ ပုံတွေတင်ထားပြီး…

Read More

မန္တလေး တံတားဦး စုပေါင်းစစ်ဆေးရေး ဂိတ်မှာ လက်နက်တွေသယ်လာတဲ့ ကားနှစ်စီး ဖမ်းခံရ

မေ ၊ ၂၅ ၊ ၂၀၂၄ SP ( VOM) မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ တံတားဦးမြို့ ၊ စုပေါင်းစစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ မေ ၂၃ ရက်က လက်နက်တွေ သယ်ယူလာတဲ့ ကားနှစ်စီးကို ဖမ်းဆီးရမိတယ်လို့ အဲ့ဒီ ဂိတ်နဲ့ နီးစပ်သူတယောက်ဆီက သိရပါတယ်။ ” ပထမ ဖြစ်စဥ်က အမျိုးသားတယောက်နဲ့ အမျိုးသမီး တယောက် ပေါင်း နှစ်ယောက် မောင်းလာတဲ့ Honda Insight ကားတစီးကို ဂိတ်အဖွဲ့က တားဆီးစစ်ဆေးတယ် ၊ အဲ့ဒီလို စစ်ဆေးတဲ့အခါ ကားဘန်ကာ နောက်ပိုင်းက သိုဝှက်ယူလာတဲ့ M-22 သေနတ် ၈ လက် ၊ Beretta ပစ္စတိုသေနတ် ၁ လက် ၊ ကျည်အိမ် ၂၅ ခု…

Read More

မုံရွာမှာ အငြိမ်းစား ရဲအရာခံဗိုလ်တယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး

မေ ၊ ၂၄ ၊ ၂၀၂၄SP (VOM)လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အမှတ် ၂ နယ်မြေရဲစခန်းမှာ ဂါတ်စာရေး တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အငြိမ်းစား ရဲအရာခံဗိုလ် တယောက်ကို ဖမ်းဆီးထားတယ်လို့ မုံရွာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဒီကနေ့ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။” အငြိမ်းစား ရဲအရာခံ ဝင်းနိုင်ဆိုတာ အရင်က မုံရွာ စက်မှုဇုန် ရဲစခန်းမှာ ဂါတ်စာရေး တာဝန်ထမ်းဆောင်တယ် ၊ အဲ့ဒီနောက် ရခိုင်ဘက်က အမ်းရဲစခန်းကို အပြောင်းကျတယ် ၊ နောက်တော့ ရဲတပ်ရင်း တခုမှာ တာဝန်ကျပြီး အရာခံဗိုလ်အဆင့်နဲ့ အငြိမ်းစား (ပင်စင်) ယူတယ် ၊ အဲ့ဒီနောက် သူနဲ့ ကျနော်တို့ အဆက်သွယ်မရှိတော့ဘူး ၊ သူတို့မိသားစုဘယ်မှာနေသလဲဆိုတာ မသိရဘူး…

Read More

မြန်မာပြည် အလယ်ပိုင်းက လဝက ဝန်ထမ်းတွေ ဖမ်းဆီးခံရတာ အဖြစ်များလာ

မေ ၂၄ ၊ ၂၀၂၄SP (VOM)အခုရက်ပိုင်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတချို့ ဒေသတွင်း လက်နက်ကိုင် PDF တွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတာ အဖြစ်များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” အခုရက်ပိုင်း ဖမ်းဆီးခံရတဲ့ လဝက ဝန်ထမ်းတွေကတော့ ရေစကြို ၊ စစ်ကိုင်း ၊ မုံရွာ ၊ ဒီပဲယင်းနဲ့ တီးတိန်စတဲ့ မြို့နယ်ဘက်တွေမှာဖြစ်တယ် ၊ ဖမ်းဆီးခံရတာ ဝန်ထမ်း ငါးယောက်ထက်မနည်း ရှိနေပြီး ” လို့ ဝန်ထမ်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။မနေ့ မေ ၂၃ ရက် မနက်ပိုင်းက မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့အဝင် ၊ တမာတန်းလမ်းဆုံနားမှာ ဒေသတွင်း လက်နက်ကိုင် PDF…

Read More

ဆိုလာအားသွင်းရာကနေ စစ်တွေ သက္ကယ်ပြင်စျေး မီးလောင် ၊ ဆိုင်ခန်း ၆၀ ကျော် ပျက်စီး

မေ ၊ ၂၄ ၊ ၂၀၂၄TT (VOM)ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ ၊ သက္ကယ်ပြင်စျေးမှာ မနေ့ မေ ၂၃ ရက် ၊ ညနေပိုင်း ၃ နာရီဝန်းကျင်ကမီးလောင်မှုဖြစ်ခဲ့တယ်လို့ ပြည်နယ်မီးသတ်ရုံးဆီက သိရပါတယ်။မီးသတ်တပ်ဖွဲ့ဝင် တယောက်က” မီးသတင်းရတာက ညနေ ၃ နာရီ ၁၅ မှာ စတင်ရရှိတယ် ၊ မီးငြိမ်းသတ်ချိန် တနာရီနီးပါးကြာမြင့်တယ် ၊ မီးစတင်လောင်ကျွမ်းရတဲ့ ဖြစ်စဥ်က သက္ကယ်ပြင်စျေးမှာရှိတဲ့ ဖိနပ်ဆိုင်တခုက ဆိုလာအားသွင်းတယ် ၊ အဲ့ဒီဆိုလာက အပူရှိန်လွန်ကဲပြီး ဝါယာရှော့ခ်ဖြစ်တယ် ၊ အဲ့ဒီကနေ စတင်ပြီး ဆိုင်ခန်း ၆၀ ကျော် မီးကူးစက် လောင်တယ် ၊ ဆုံးရှုံးမှုတန်းဘိုးကိုတော့ စိစစ်တွက်ချက်နေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။ဒါ့အပြင် ရခိုင်ပြည်နယ် နိုင်ငံရေး အသိုင်းအဝိုင်းက” ပြီးခဲ့တဲ့ ၂၀၂၃…

Read More

ပဲခူးတိုင်းမှာ ပြီးခဲ့တဲ့ ငါးလအတွင်း ရပ် / ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အပါအဝင် လူပေါင်း ၄၀ ကျော် အသတ်ခံရ

မေ ၊ ၂၃ ၊ ၂၀၂၄TT (VOM)ပဲခူးတိုင်းမှာပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ မေ ၂၂ အထိ ငါးလအတွင်း လူသတ်မှုနဲ့ သေဆုံးရသူ လူပေါင်း လေးဆယ်ကျော်ရှိတယ်လို့ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။” လူသတ်မှုဖြစ်စဥ်တွေ အဖြစ်များလာတာက ပဲခူးတိုင်း အနောက်ဘက်ခြမ်းက ဖြစ်တယ် ၊ သေဆုံးသူ ၄၀ ကျော်ရှိတယ်၊ အသတ်ခံရသူ အများစုက ရပ်/ ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပါဝင်တယ်” လို့ ပဲခူးတိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတယောက်က ပြောပါတယ်။ပြီးခဲ့တဲ့ မေ ၂၁ ရက် ၊ ညနေပိုင်း ၃ နာရီဝန်းကျင်က ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းအုပ်စု၊ အေးမကွင်းကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ရဲ့နေအိမ်မှာ ငွေစုငွေချ အစည်းဝေးလုပ်နေတာကို ပျူတွေ အစည်းဝေးလုပ်တယ်ဆိုပြီး…

Read More

တမူးမြို့နယ်မှာ နစက ကင်းပုန်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးလို့ လူငယ်လေးယောက် သေဆုံး

မေ ၊ ၂၂ ၊ ၂၀၂၄SP (VOM)စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ကျွန်းပင်သာကျေးရွာနားမှာ မနေ့ မေ ၂၁ ရက် မနက် ၉ နာရီဝန်းကျင်က နစက လုံခြုံရေး ကင်းပုန်းအဖွဲ့တွေ ပစ်ခတ်ဖမ်းဆီးလိုက်တာကြောင့် လူလေးယောက် သေဆုံးသွားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ကျွန်းပင်သာကျေးရွာနေ ဒေသခံတယောက်က” နစက ကင်းပုန်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးတာဖြစ်တယ် ၊ သေဆုံးသူ လူငယ် လေးယောက်ဟာ ကျွန်းပင်သာရွာခံ ကလေးတွေမဟုတ်ဘူး ၊ ဘယ်က လူတွေဆိုတာ အခုထိမသိရသေးဘူး ” လို့ ပြောပါတယ်။တမူးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က” ဒရုန်းနဲ့တိုက်ခိုက်ဖို့ လာတဲ့ PDF လေးယောက်ကို ကင်းပုန်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးတယ် ၊ အလောင်း လေးလောင်းနဲ့ အမ်-၂၂ သေနတ် ၁ လက် ၊ ကျည်အိမ်…

Read More
VOM News

FREE
VIEW