ယနေ့ ရွှေဈေး (ဇွန် – ၁၃ ရက်၊ ညနေ ၃ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၇ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အပိတ်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၆၉၅၁၃ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

အိန္ဒိယ – ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်

  ဇွန် ၁၃ – ၂၀၂၄ SN (VOM) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ပလက်ဝမြို့နယ်ကို ကုန်ပစ္စည်းတွေ တင်သွင်းနေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို မနေ့ ဇွန် ၁၂ ရက်မှစတင်ကာ ပြန်လည် ဖွင့်လိုက်ပြီဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတခုဖြစ်တဲ့ ဗဟိုလိုင်လူငယ်အဖွဲ့ (Central Young Lai Association – CYLA) က အသိပေး ကြေညာထားပါတယ်။ အဲဒီလမ်းကြောင်းဟာ ချင်းပြည်နယ် ပလက်ဝကတဆင့် အိန္ဒိယနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတာဖြစ်ပြီး နယ်စပ်ဒေသ လုံခြုံရေးအခြေအနေကြောင့် CYLA က ပြီးခဲ့တဲ့ မေလ ၂၅ ရက်မှ စတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ အချိန်မှာတော့ လမ်းကြောင်း တည်ငြိမ်လာပြီဖြစ်တဲ့အတွက် ကုန်သွယ်မှုတွေ ပြန်လည်ပြုလုပ်နိုင်ဖို့…

Read More

ယနေ့ ရွှေဈေး (ဇွန် – ၁၃ ရက်၊ နံနက် ၉ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၇ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၆၉၅၁၃ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

ယူကရိန်းနဲ့ အမေရိကန်တို့အကြား လုံခြုံရေး သဘောတူညီချက် လက်မှတ်ထိုးမယ်

  ဝါရှင်တန်၊ ဇွန်-၁၃-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းနဲ့ အမေရိကန်တို့အကြား နှစ်နိုင်ငံ လုံခြုံရေးသဘောတူညီချက်ကို သမ္မတနှစ်ယောက်တွေ့ဆုံချိန်တွင် လက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်း အိမ်ဖြူတော်ထိပ်တန်းတာဝန်ရှိသူတယောက် ပြောပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ဟာ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ အီတလီနိုင်ငံကို ရောက်ရှိနေကြပြီး သူတို့နှစ်ယောက်ဟာ ဒီကနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။ ယူကရိန်းရဲ့ ယုံကြည်စိတ်ချရတဲ့ ကာကွယ်ရေးနဲ့ဟန့်တားနိုင်စွမ်းကို ဆက်လက်ကာကွယ်ဖို့အတွက် အမေရိကန်ဟာ ယူကရိန်းရဲ့ မဟာမိတ်တွေ မိတ်ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားဖြစ်တယ်လို့ သူကဆိုပါတယ်။ သဘောတူညီချက်မှာ ယူကရိန်းကို ရန်လိုမှုတွေကနေ တိုက်ဖျက်ဖို့အတွက် အမေရိကန်ရဲ့ ရေရှည်ပံ့ပိုးမှု ကတိကဝတ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းကိုကာကွယ်ဖို့အတွက် အမေရိကန်တပ်ဖွဲ့ဝင်တွေ အသုံးပြုဖို့ ဘယ်လိုကတိကဝတ်မှ မပါဘူးလို့ ဂျိတ်ဆူလီဗန်က ပြောပါတယ်။ ဗြိတိန်၊ ပြင်သစ်တို့အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံဟာ…

Read More

နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောအပါအဝင် ရုရှားစစ်သင်္ဘောတွေ အမေရိကန်နဲ့ မိုင် ၉၀ အကွာ ကျူးဘားကို ရောက်ရှိနေ

  ဟာဗားနား၊ ဇွန်-၁၃-၂၀၂၄ မျိုးဆက်(VOM) နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနဲ့ ဖရီးဂိတ်စစ်သင်္ဘောအပါအဝင် ရုရှားစစ်သင်္ဘောလေးစင်းဟာ ကျူးဘားကို ရောက်ရှိနေပါတယ်။ ရုရှားစစ်သင်္ဘောတွေဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကနေ မိုင် ၉၀ အကွာလောက်မှာရှိတဲ့ ဟာဗားနား ပင်လယ်အော်မှာ ကျောက်ချရပ်နားထားပြီး ဒါဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အနောက်အုပ်စုနဲ့တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရုရှားက အင်အားပြတာလို့ အကဲခတ်တွေက ယူဆနေပါတယ်။ နျူကလီးယား စွမ်းအင်သုံး Kazan ရေငုပ်သင်္ဘောနဲ့ Admiral Gorshkov ဖရီးဂိတ်သင်္ဘောတို့ နှစ်စင်းစလုံးမှာ အသံထက်မြန်တဲ့ Zircon ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေနဲ့ အဆင့်မြင့်လက်နက်တွေ တပ်ဆင်ထားတယ်လို့ ရုရှားရေတပ်က ထုတ်ပြန်ပါတယ်။ ဒီသင်္ဘောအုပ်စုဟာ အစောပိုင်းက အတ္တလန်တိတ်ဒေသမှာ ဒုံးကျည်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရုရှားစစ်သင်္ဘောတွေပေါ်မှာ နျူကလီးယားလက်နက်တွေ မပါဝင်ကြောင်းနဲ့ ခရီးစဉ်ဟာဒေသတွင်းကို ခြိမ်းခြောက်မရှိဘူးလို့ ဆိုပါတယ်။ ရုရှားရဲ့ စစ်သင်္ဘောတွေလာရောက်မှုနဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေပြီး ပင်လယ်ပြင်ဒရုန်းတွေပါ…

Read More

အာဂျင်တီးနားသမ္မတရဲ့ ပြုပြင်ပြောင်းလဲမှုအပေါ် ပြည်သူတွေဆန္ဒပြပွဲ ရဲတပ်ဖွဲ့ အင်အားသုံးဖြိုခွင်း

  ဗျူနိုအေရိစ်၊ ဇွန်-၁၃-၂၀၂၄ မျိုးဆက်(VOM) အာဂျင်တီးနားနိုင်ငံ မြိုတော်ဗျူနိုအေရိစ်ရှိ ကွန်ဂရက်လွှတ်တော်ပြင်ပမှာ ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို အာဂျင်တီးနားရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။ လွှတ်တော်မှာ အသုံးစရိတ်လျှော့ချခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ ဆွေးနွေးနေမှုအပေါ် ပြည်သူတွေက ဆန္ဒပြကန့်ကွက်နေကြတာဖြစ်ပြီး အဒီပြုပြင်ပြောင်းလဲမှုတွေဟာ အာဂျင်တီးနားပြည်သူ သန်းပေါင်းများစွာကို ထိခိုက်စေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ ဓါတ်ဆီဗုံး၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်မှုတွေ ပြုလုပ်ခဲ့ပြီး ကားတစီးကိုလည်း မီးတင်ရှို့ခဲ့ကြကာ ဆန္ဒပြပွဲအတွင်း လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ လက်ယာယိမ်းသမ္မတ ဂျာဗီယာမိုင်လေ အဆိုပြုတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ စီးပွားရေးအရေးပေါ်အခြေအနေကြေညာခြင်း၊ ပင်စာလစာဖြတ်တောက်ခြင်းနဲ့ အလုပ်သမားအခွင့်အရေး ယုတ်လျော့လာမှာတွေ ပါဝင်ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။ သမ္မတအဆိုပြုခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုများအပေါ် လက်ဝဲနိုင်ငံရေးပါတီများ၊ အလုပ်သမားသမဂ္ဂများနဲ့ လူမှုရေးအဖွဲ့အစည်းတွေကလည်း ကန့်ကွက်မှုတွေ ပြုလုပ်နေကြကြောင်း သိရပါတယ်။ Ref:BBC Photo:AP/Reuters

Read More

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်အစင်း ၂၀၀ ကျော်နဲ့ တိုက်ခိုက်

  ဘေရွတ်၊ ဇွန်-၁၃-၂၀၂၄ မျိုးဆက်(VOM) လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ သူတို့ရဲ့ ထိပ်တန်းတပ်မှူးတယောက် သေဆုံးခဲ့တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုကို လက်တုံ့ပြန်မှုအဖြစ် အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်အမြောက်အများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဟဇ်ဘိုလာတွေဟာ အစ္စရေးဘက်ကို ဒုံးကျည်အစင်း ၂၀၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မီးလောင်မှုအချို့ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်သေဆုံးမှုမရှိဘူးလို့ ဆိုပါတယ်။ အစ္စရေးကို တိုက်ခိုက်မှုတွေရဲ့ ပြင်းထန်မှု၊ အင်အားနဲ့ ပမာဏတို့ကို တိုးမြှင့်သွားမယ်လို့ သေဆုံးသွားတဲ့ တပ်မှူးရဲ့ဈာပနမှာ ဟဇ်ဘိုလာ ထိပ်တန်းတာဝန်ရှိသူတယောက်က ကတိပြုပြောဆိုပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဂါဇာစစ်ပွဲစတင်ပြီးနောက်ပိုင်း ဟဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးစစ်တပ်တို့ဟာ နယ်စပ်တစ်လျှောက်မှာ နေ့စဉ်လိုအပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေခဲ့တာပါ။ ဟဇ်ဘိုလာတို့ကတော့ ဒါဟာ ပါလက်စတိုင်းလက်နက်ကိုင် ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတာလို့ ဆိုပါတယ်။ အဲဒီအဖွဲ့နှစ်ဖွဲ့စလုံးကို အမေရိကန်၊ ဗြိတိန်နဲ့ အစ္စရေးအပါအဝင် အခြားနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ လက်ဘနွန်အာဏာပိုင်တွေနဲ့ ကုလသမဂ္ဂရဲ့ အဆိုအရ နှစ်ဘက်အကြား…

Read More

This Day in History

  Voice of Myanmar တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့အကြား ပထမဆုံးအကြိမ်တွေ့ဆုံမှုအဖြစ် တောင်ကိုရီးယားသမ္မတ ကင်ဒေးဂျန်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီနှင့် ၂၀၀၀ ပြည့်နှစ် ဇွန် ၁၃ ရက်တွင် သမိုင်းဝင်တွေ့ဆုံခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #June13

Read More

အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ နိုင်ငံသား ၃၈ ယောက်ကို မြန်မာဘက်ပြန်ပို့

    ဇွန် ၊ ၁၂ ၊ ၂၀၂၄ SP (VOM) အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ အင်ဖာမြို့ ၊ ထိန်းသိမ်းရေး အကျဥ်စခန်းမှာ အကျဥ်းကျခံနေရတဲ့ မြန်မာစစ်ရှောင်တွေက အကျဥ်းသား တချို့ကို အိန္ဒိယအာဏာပိုင်တွေက မနေ့ ဇွန် ၁၁ ရက် မနက်ပိုင်းက မိုးရေး – တမူး နယ်စပ်ဂိတ်ကနေ နစက အဖွဲ့ထံ လွဲပြောင်း ပေးအပ်ခဲ့တယ်လို့ မိုးရေးမြို့ခံ နယ်စပ်ကုန်သာ်တွေဆီက သိရပါတယ်။ အင်ဖာထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ ၃၈ ယောက်ကို ရဟတ်ယာဥ်နဲ့ မိုးရေးကို ခေါ်လာတယ် ၊ တမူး – မိုးရေး နယ်စပ်ဂိတ်ကနေ နစက အဖွဲ့ထံ ဒုတိယအကြိမ် လွဲပေးတာဖြစ်တယ် ၊ လွဲပြောင်းပေးခံရတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၂၆…

Read More

မုံရွာနယ် ထီးတော်တင်ရွာနားမှာ နစက တပ်ဖွဲ့ဝင်တွေနဲ့ PDF တွေ တိုက်ပွဲဖြစ် ၊

  ဇွန် ၊ ၁၂ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်နဲ့ ဘုတလင်မြို့နယ် အစပ်က ထီးတော်တင်ကျေးရွာနားမှာ မနေ့ ဇွန် ၁၁ ရက် ညနေ ၆ နာရီဝန့းကျင်က နစက လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” နစက အဖွဲ့တွေနဲ့ PDF တွေ အပြန်အလှန် ပစ်ကြတယ် ၊ တရွာလုံးကြောက်လို့ ထွက်ပြေးနေရတယ် ၊ အခုထိ ရွာမပြန်နိုင်သေးဘူး ” လို့ ဒေသခံတယောက်က ပြောပါတယ်။ အဆိုပါ တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသတွင်း လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားတာက စစ်သား ၂၀ ဦးသေဆုံးပြီး ၊ ငါးယောက်…

Read More