ရှီကျင့်ဖျင်

ဝီကီပီးဒီးယား မှ
ရှီကျင့်ဖျင်
习近平
ရှီကျင်ဖီး ၂၀၂၄ ခုနှစ်
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၅ နိုဝင်ဘာ ၂၀၁၂
ယခင်လူဟူးဂျင်ထော
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၊
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၄ မတ် ၂၀၁၃
ဝန်ကြီးချုပ်လီခဲ့ချန်
လီချန်
ယခင်လူဟူးဂျင်ထော
ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၅ နိုဝင်ဘာ ၂၀၁၃ (Party Commission)
၁၄ မတ် ၂၀၁၃ (State Commission)
လက်ထောက်ဖန်းခေါင်လုံ
ချောကီးလွင်
ယခင်လူဟူးဂျင်ထော
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1953-06-15) ၁၅ ဇွန်၊ ၁၉၅၃ (အသက် ၇၀)
ဘေဂျင်းမြို့, တရုတ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံရေးပါတီတရုတ်ကွန်မြူနစ်ပါတီ (၁၉၇၄-လက်ရှိ)
ကြင်ဖော်(များ)ခေလင်းလင်း (အိမ်ထောင်ကွဲ)
ဖေင်လီယွမ် (၁၉၈၇ ခုနှစ်တွင် အိမ်ထောင်ကွဲ)
သွေးသားတော်စပ်သူစစ်ကြီးနှင့်အိုင်ဇုတ်မြင့်
ချစ်ဇန်
သားသမီးသီယန်းမင်းများ (ယောက်တာမြင့်)
နေထိုင်ရာကွာနန္ဒန်းရေး
မိခင်ကျောင်းကြင်ဟာဒူးကျောင်း
လက်မှတ်


ရှီကျင့်ဖျင် (習近平) သည် ၁၉၅၃ ခုနှစ်တွင် ဆန်ရှီးပြည်နယ်(陝西)၊ ဖူဖျင်မြို့ (富平)၌ မွေးဖွားခဲ့ပြီး ဟန်တရုတ်လူမျိုး ဖြစ်သည်။[၁] ၁၉၇၄ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီသို့ ဝင်ရောက်သည်။[၂] မာက်စ်သီအိုရီနှင့် အတွေးအခေါ်ယူဝါဒဆိုင်ရာ ပညာရပ် အထူးပြုဘာသာဖြင့် ချင်းဟွာတက္ကသိုလ်(清華大學) ၊ လူ့အဖွဲ့အစည်းနှင့် လူမှုသိပ္ပံကျောင်းမှ ဥပဒေ ဒေါက်တာဘွဲ့ ရရှိခဲ့ကာ ၁၉၆၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ဆန်ရှီးပြည်နယ် ရန်ချွမ်းဒေသရှိ ဝမ်အမ်းရိစုပေါင်း လယ်ယာ၊ လျန့်ကျားဟဲအဖွဲ့၌ ပါတီခွဲ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ဆင်ဟွာတက္ကသိုလ် ဓာတုအင်ဂျင်နီယာဌာနတွင် အခြေခံဇီဝဓာတ်ဖွဲ့စည်းမှု ဖြစ်စဉ်ဆိုင်ရာ ဘာသာရပ် ကျောင်းသားအဖြစ် လေ့လာခဲ့သည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ကော်မရှင် ဌာနချုပ်များတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၂ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ကွန်မြူနစ်ပါတီ ဟယ်ပေပြည်နယ် (河北省) ကျန့်တိန့်မြို့နယ် (正定) ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဖူကျန့်ပြည်နယ် (福建) ရှမန်မြို့ (廈門 အမွိုင်မြို့) ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ဒုတိယမြို့တော်ဝန်အဖြစ် ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ကွန်မြူနစ်ပါတီ ဖူကျန့်ပြည်နယ် နင်းသယ် (寧德) ခရိုင် ကော်မတီ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တရုတ်သမ္မတ ရှီကျင့်ဖျင် ကွန်မြူနစ်ပါတီခေါင်းဆောင် အဖြစ်ဆက်ရှိမယ်BBC Burmese (၂၃ အောက်တိုဘာ ၂၀၂၂)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. သမ္မတ ရှီကျင့်ဖျင် ဘယ်လို လူမျိုးလဲThe Irrawaddy (၁၆ ဇန်နဝါရီ ၂၀၂၀)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။