(Go: >> BACK << -|- >> HOME <<)

မာတိကာသို့ ခုန်သွားရန်

ဂျာဗိုးအာကောင်

ဝီကီပီးဒီးယား မှ
ဂျာဗိုးအာ (Jerboa)
Temporal range: Middle Miocene–recent
"Allactaga tetradactyla"
Allactaga tetradactyla
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Rodentia
Superfamily: Dipodoidea
မျိုးရင်း: Dipodidae
Fischer de Waldheim, 1817
မျိုးရင်းခွဲ

ဂျာဗိုးအာကောင် (Jerboa)သည် အာရေဗျနိုင်ငံနှင့် မြောက်အာဖရိကတိုက်တို့တွင် များသောအားဖြင့် တွေ့ရသော နို့တိုက်သတ္တဝါတစ်မျိုး ဖြစ်၏။ 'ဒစ်ပိုဒီဒီး'မျိုးရင်းတွင် ပါဝင်၏။ ယင်း၌ ကြွက်သွားကဲ့သို့ သေးငယ်၍ ချွန်ထက်သော သွားမျိုး ရှိသည်။ အီဂျစ်နိုင်ငံရှိ ဂျာဗိုးအာကောင်မှာ ကိုယ်အရှည် ၈ လက်မခန့် ရှိသည်။ အမြီးမှာလုံး၍ ၁ဝ လက်မခန့်ရှည်ပြီး အမွေးတိုကလေးများဖြင့် ဖုံးလွှမ်းနေသည်။ အဖျား၌ အမွေးစုလျက်ရှိ၏။ ခြေသည်း ၅ ခုရှိသော ရှေ့ခြေတို့မှာ အလွန်တို၏။ နောက်ခြေတို့မှာ ရှေ့ခြေတို့ထက် ၆ ဆခန့် ရှည်သည်၊ ခုန်ရန် ကြံရွယ်သောအခါ နောက်ခြေတို့ကို၎င်း၊ အမြီးကို၎င်း ထောက်၍ထားသည်။ ရှေ့ခြေတို့ကိုမူ ရင်ပတ်တွင်ကပ်၍ ထားလေသည်။

ထို့နောက် ခုန်လိုက်သောအခါ နောက်ခြေတို့ဖြင့်သာ ထောက်၍ကျသည်။ ဤသို့ လျင်မြန်စွာ ခုန်ပေါက်ကာ တစ်နေရာမှ တစ်နေရာသို့ သွားလာလှည့်လည် ကျက်စားတတ်ကြလေသည်။ ဂျာဗိုးအာကောင်သည် ခြေသည်းများဖြင့် မြေကြီးတွင် တွင်းတူး၍ တစ်နေ့လုံးနေသည်။ ညဉ့်အခါတွင်သာ ထွက်၍ လျင်မြန် ဖျတ်လတ်သောကြောင့် ဖမ်းမိရန် ခဲယဉ်းပေသည်။ အသင်းအဖွဲ့နှင့် နေလေ့ရှိသည်။

ပါရှားနိုင်ငံရှိ 'အဲလက်တဂအင်ဒီးက'ခေါ် ဂျာဗိုးအာကောင်သည်လည်း တွင်းထဲတွင်နေသော ညဉ့်သတ္တဝါမျိုးဖြစ်၏။ ကောက်ပဲသီးနှံများကို ရှာဖွေစားသောက်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)