(Go: >> BACK << -|- >> HOME <<)

မာတိကာသို့ ခုန်သွားရန်

ရေခဲခေတ်

ဝီကီပီးဒီးယား မှ

ရေခဲခေတ်သည် ကမ္ဘာ့မြေမျက်နှာ၏ အပူချိန် ကြာမြင့်စွာ မရနိုင်ကြစဉ် ကာလ ဖြစ်သည်။ ၄င်းကာလတွင် ကမ္ဘာ့တိုက်ကြီး များ သည် ရေခဲပြင်များအဖြစ်၊ ဝင်ရိုးစွန်း ရေခဲပြင် နှင့် အပလင် (apline) မဟာရေခဲတုံးများ (galciers) ကြီးထွားခဲ့သည်။ ပထဝီ ကာလ အတိုင်းအတာ အရ တောင်ဝင်ရိုးစွန်း နှင့် မြောက်ဝင်ရိုးစွန်း တို့တွင် ရေခဲပြင်များရှိလျှင် ရေခဲခေတ်ဟုခေါ်သည်။ ထို့ကြောင့် ယခုခေတ်သည် ပထဝီ ကာလ အရ ရေခဲခေတ် ပင် ဖြစ်သည် (ဂရင်းလန်းနှင့် အန္တာတိက တို့တွင် ရေခဲချပ်ကြီးများ ဖုံးလွှမ်းလျက်ပင် ရှိသေးသောကြောင့် ဖြစ်သည်။)

အခြားအဆိုတစ်ခုကမူ “ရေခဲခေတ်” သည် မြောက်အမေရိကနှင့် ဥရောပတို့တွင် ရေခဲများ ဖုံးလွှမ်းခဲ့သော အချိန်ကာလကို ရည်ညွှန်းကြသည်။ ၄င်းအဆိုအရ “ရေခဲခေတ်”သည် လွန်ခဲ့သော နှစ်ပေါင်း (၂၀ဝ၀ဝ) ခန့်က ဖြစ်သည်ဟု ယူဆကြသည်။