(Go: >> BACK << -|- >> HOME <<)

မာတိကာသို့ ခုန်သွားရန်

ယန်း ယက် ရူးဆိုး

ဝီကီပီးဒီးယား မှ
၀၈:၃၈၊ ၁၂ စက်တင်ဘာ ၂၀၁၁ နေ့က Mayor mt (ဆွေးနွေး | ပံ့ပိုး) ("==ရူးဆိုးဂျေ၊ ဂျေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်) တည်းဖြတ်သည့်မူ

ရူးဆိုးဂျေ၊ ဂျေ (ခရစ် ၁၇၁၂-၁၇၇၈)

ဇန်းဇက်ရူးဆိုးသည် ပြင်သစ်စာရေးဆရာနှင့် ဒဿနိက ဗေဒပညာရှင် ဖြစ်ပေသည်။ သူသည် ဟျူးဂျနိုးမိဘများမှ ၁၇၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီးဗားမြို့၌ မွေးဖွားသည်။ မိခင်မှာ သူ့ကို ဖွားမြင်ပြီးနောက် အနိစ္စရောက်လေသည်။ ဖခင်သည်လည်း တစ်ရပ်တစ်ကျေးသို့ ပြောင်းရွေ့သွားသဖြင့် အဒေါ်ဖြစ်သူ၏ လက်တွင် ကြီးပြင်း လာခဲ့ရသည်။ အသက် ၁၄ နှစ် အရွယ်တွင် ပုံထွင်းဆရာ တစ်ဦးထံ၌ ပညာသင်အဖြစ် လုပ်ကိုင်ပြီးနောက် အသက် ၁၆ နှစ်အရွယ်တွင် အိမ်မှ ထွက်ပြေးသည်။ ဤသို့ဖြင့် ၁၇၄၁ ခုနှစ်၌ ပြင်သစ်နိုင်ငံ ပါရစ်မြို့သို့ ရောက်လာ၏။

ရူးဆိုးသည် ပြင်သစ်လူမှုရေးစံနစ်တွင် အထက်တန်းစားလူ များ၏ 0x100သဇာလွှမ်းပုံနှင့် ဆင်းရဲသားလူတန်းစားတို့ လူရာမဝင် ပုံတို့ကို သိမြင်လာလေ၏။ ထိုအချက်ကို အခြေပြု၍ လူမှု ပဋိညာဉ်ခေါ် စာအုပ်ကို ပြုစုရေးသားလေသည်။ ရူးဆိုးသည် ထိုစာအုပ်တွင် လူ့အဖွဲ့အစည်း၌ အစိုးရသူဟူ၍ ပေါ်ပေါက်လာ ပုံကို၎င်း၊ အစိုးရအာဏာသည် လူထုထံမှ ဆင်းသက်လာပုံကို ၎င်း ရေးသားဖော်ပြ၏။ သို့ဖြစ်၍ လူထုသဘောမတူသော တရားဥပဒေသည် မတည်မြဲနိုင်ဟုဆိုသည်။ ထိုစာအုပ်သည် ပြင်သစ်အမျိုးသားတို့၏ တော်လှန်ရေးစိတ်ဓာတ်ကို သိသိ သာသာ လှုံဆော်ပေးလိုက်သည် ဖြစ်သောကြောင့် ၁၇၈၉ ခုနှစ် တွင် ပြင်သစ်တော်လှန်ရေး ဖြစ်ပွားရသော အကြောင်းရင်း တစ်ခု ဖြစ်လေသည်။သူထွင်ခဲ့သော လွတ်လပ်ရေး၊ သာတူ ညီမျှရေးနှင့် ချစ်ကြည်ရေးဟူသည့် စာအုပ်ကို မြဒေါင်းညိုက မြန်မာဘာသာပြန်ခဲ့ဘူးသည်။

ပညာရေးနှင့် စပ်လျဉ်း၍လည်း မိမိ၏ အယူအဆများကို အိမီးခေါ်စာအုပ်၌ ဖော်ပြထားလေသည်။ ရူးဆိုးက ကျောင်း သားများကို ပညာသင်ကြားရာ၌ ပို၍ လွတ်လပ်ခွင့်ပေးရန် ထောက်ခံတင်ပြထားသည်။ ယခုခေတ် ပညာသင်ကြားရေး နည်းစံနစ်သည် ရူးဆိုး၏ ပညာရေးအယူအဆအချို့ကို မှီးသည် ဟု ဆိုနိုင်၏။ ထိုစာအုပ်ကို ဒေါ်မမခင်က မြန်မာဘာသာ ပြန် ခဲ့သည်။

ရူးဆိုးသည် ပြင်သစ်စာပေလောက၌လည်း စိတ်ကူး စိတ်သန်း အသစ်ထွင်၍ ရေးသားခဲ့သူ ဖြစ်ပေသည်။ ဘဝ အကျိုးမြင် စာပေ၏ ဖခင်ဟူ၍ပင် အချို့က ဆိုကြလေသည်။ ၁၇၈၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ မျိုး ဖြစ်သည့် ကွန်ဖက်ရှင်းခေါ် စာအုပ်မှာ သူ၏ထင်ရှား သော စာပေလက်ရာ ဖြစ်သည်။ ရူးဆိုးသည် လူများကို အသိ ဉာာဏ် တိုးပွားအောင် လမ်းပြခဲ့သော်လည်း ကိုယ်တိုင်မူကား အပြောနှင့်အလုပ် မညီညွတ်သူ ဖြစ်၏။ သဘာဝ၏ လှပ တင့်တယ်ပုံကို အမွှမ်းတင်ရေးသားသော်လည်း ကိုယ်တိုင် မြို့ထဲ၌ ကျပ်တည်းကျဉ်းမြောင်းစွာ နေထိုင်သည်က များသည်။ လူတို့၏ တန်းတူအခွင့်အရေးနှင့် လွတ်လပ်မှုကို အရေးဆို တင်ပြခဲ့သော်လည်း ကိုယ်တိုင်မှာမူကား အမြဲဆင်းရဲငြိုငြင်စွာ နေထိုင်ရလေသည်။

၁၇၆၂ ခုနှစ်၌ ရူးဆိုးသည် အယူဝါဒဆိုင်ရာ အယူအဆ များကြောင့် အင်္ဂလန်နိုင်ငံသို့ ရှောင်တိမ်းနေထိုင်ရသည်။ ၁၇၆၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ ပြန်ရောက်သည်။ သို့သော် ကျန်းမာရေးချွတ်ယွင်းလျက် ရှိရာမှ ၁၇၇၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ပါရစ်မြို့အနီး၌ ကွယ်လွန်လေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)