(Go: >> BACK << -|- >> HOME <<)

မာတိကာသို့ ခုန်သွားရန်

ဟိုနိုလူလူမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
No edit summary
စာကြောင်း ၃၅ - စာကြောင်း ၃၅ -
<references/>
<references/>
[[Category:အမေရိကန်ပြည်ထောင်စုရှိ မြို့များ]]
[[Category:မြို့]]
[[en:Honolulu]]

၀၅:၁၇၊ ၆ မေ ၂၀၁၂ ရက်နေ့က မူ

ဟိုနိုလူလူမြို့

ဟိုနိုလူလူမြို့သည် ဟဝိုင်းယန်းကျွန်းစု၏ မြို့တော်ဖြစ်၍ ထိုကျွန်းစုတွင် အပါအဝင်ဖြစ်သော အိုအားဟူးကျွန်း အနောက်တောင်ဘက် ကမ်းခြေ၌တည်ရှိသည်။ ပစိဖိတ်သမုဒ္ဒရာဘက်တွင် ဖြတ်သန်းသွားလာလျက်ရှိသော သင်္ဘောအားလုံးနီပါးမျှ ဟိုနိုလူလူဆိပ်ကမ်း၌ဝင်ရောက်ဆိုက်ကပ်ကြသည် ဖြစ်သောကြောင့် ဟဝိုင်းယန်းကျွန်းစုတွင် အကြီးဆုံး ဆိပ်ကမ်းမြို့လည်းဖြစ်သည်။ဟိုနိုလူလူမြို့အနောက်ဘက် ခြောက်မိုင်ခန့်အကွာတွင် အမေရိကန်ရေတပ်စခန်း တည်ရာဖြစ်သော ပုလဲဆိပ်ကမ်း(ပါးလဟာဗာ) ရှိသည်။ ( ပါးလဟာဗား•။) ဟိုနိုလူလူမြို့သည် အမေရိကတိုက်ရှိ မြို့ကြီးများနှင့် မခြား ခေတ်မီအဆောက်အအုံများ၊လမ်းမကျယ်များ၊ သပ်ရပ်သောလူနေရပ်ကွက်များဖြင့် စည်ကားသောမြို့ကြီး ဖြစ်သည်။ရေကြောင်းခရီးနှင့်လေကြောင်းခရီးဆုံရာ ဖြစ်ခြင်းကြောင့်လူအမျိုးမျိုုးကိုတွေ့ရှိနိုင်သည်။အထူးသဖြင့် သဘာဝရှုခင်းသာယာ၍ ရာသီဥတုသင့်တင့်ကောင်းမွန်သော မြို့ဖြစ်ရာ နိုင်ငံအများမှဧည့်သည်များလာရောက် လည်ပတ်လေ့ရှိသည်။ ဝိုင်ကီကီကမ်းခြေသောင်ပြင်သည် ထင်ရှားသောအပန်းဖြေစခန်းဖြစ်သည်။ ထိုကမ်းခြေတွင်ရေကူးခြင်း၊ ရေလွှာပြင်လျှောစီးခြင်းစသော ရေပြင်ကစားနည်းတို့ကိုလေ့ကျင့်ကစားကြသည်။ ဧည့်သည်များ တည်းခိုရန်အတွက် ခေတ်မီဟိုတယ်ပေါင်းများစွာရှိသည်။ ဟဝိုင်းယန်းကျွန်စု၏ အဓိကထွက်ကုန်များဖြစ်သော သကြားနှင့်နာနတ်သီးတို့ကိုဟိုနိုလူလူ ဆိပ်ကမ်းမှ နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။မြို့တွင်း၌လည်း သကြားစက်နှင့် နာနတ်သီးစည်သွပ်စက်ရုံများရှိသည်။ ရှေးအခါက ဟဝိုင်းယန်း ကျွန်းစုကို တိုင်းရင်းသားဘုရင်တို့က အုပ်ချုပ်ခဲ့ကြသည်။ ၁၈၉၈ခုနှစ်မှစ၍အမေရိကန်ပြည်ထောင်စု၌နယ်တစ်နယ်အဖြစ် ပါဝင်ခဲ့၍ဘုရင်ခံတစ်ဦးကအုပ်ချုပ်ခဲ့ရသည်။ဟိုနိုလူလူမြို့တွင် လူဦးရေ ၂၉၄၁၉၄ ယောက်(၁၉၆ဝ)တွင်ရှိသည်။ ( ဟဝိုင်းယန်းကျွန်းစု•။)[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)