(Go: >> BACK << -|- >> HOME <<)

မာတိကာသို့ ခုန်သွားရန်

ပျားရည်

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ပျားရည် သည် ချို၍ ခပ်ချွဲချွဲဖြစ်နေသော စားစရာတမျိုးဖြစ်ပြီး ဝတ်ရည်စုပ်ပျားနှင့် အလားတူပျား (ဥပမာ ညှောင့်မဲ့ပျား) တို့မှ ရသည်။ [၁][၂] ပျားတို့သည် အပင်တို့မှ သကြားဓာတ်ပါသော ဝတ်ရည် (nectar) ကို၎င်း၊ အခြားဝတ်ရည်စုပ်ကောင်တို့မှရသော အရည် (honeydew) ကို၎င်း၊ ရေငွေ့ထုတ်ကာ ၎င်းတို့ကိုယ်မှထွက်သည့် ဓာတ်ကူပစ္စည်း (အန်ဇွိုင်း) တို့ဖြင့် ပျားရည်ဖြစ်အောင် ဖန်တီးသည်။ ဝတ်ရည်စုပ်ပျား (honey bee) တို့သည် ပျားရည်ကို ဆဋ္ဌဂံပုံ ဖယောင်းကွက်အတွင်း သိမ်းပြီး ယင်းအဆောက်အဦကို ပျားသလက် ခေါ်သည်။ ညှောင့်မဲ့ပျား (stingless bee) တို့မူကား ချွဲ (resin) နှင့် ဖယောင်းတို့ဖြင့် လုပ်သည့် အိုးအတွင်း သိမ်းသည်။ [၃] အက်ပစ်မျိုးစု (Apis) တွင်ပါသော ဝတ်ရည်စုပ်ပျားတို့မှထုတ်သော ပျားရည်မှာ လူတို့စားသုံးသည်အတွက်၎င်း၊ စီးပွားဖြစ်ထုတ်သည်အတွက်၎င်း လူသိများသည်။ [၄] ပျားရည်ကို အလေ့ကျဖြစ်သော ပျားအုံများမှ ရနိုင်သကဲ့သို့ လူလုပ်ပျားအိမ်များမှလည်း ရသည်။ ပျားအိမ်များဖြင့် မွေးသည်ကို ပျားမွေးမြူရေး ခေါ်သည်။

ကိုးကား

  1. Crane E (1990). "Honey from honeybees and other insects". Ethology Ecology & Evolution. 3 (sup1): 100–105.
  2. Grüter, Christoph (2020). Stingless Bees: Their Behaviour, Ecology and Evolution. Fascinating Life Sciences. Springer New York.
  3. Crane, E., Walker, P., & Day, R. (1984). Directory of important world honey sources. International Bee Research Association.
  4. Crane, Ethel Eva (1999). The World History of Beekeeping and Honey Hunting. Routledge.